ပဋိပက္ခများကြောင့် ဟောင်ကောင်၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ဟု တရုတ်အစိုးရပိုင် သတင်းစာ သတိပေး
ဟောင်ကောင်ဒေသမှာ အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ဥပဒေချိုးဖောက်မှုတွေ ဖြစ်ပေါ်မှုဟာ နိုင်ငံတကာ စီးပွားရေးဗဟိုချက်ဖြစ်တဲ့ ဟောင်ကောင်ရဲ့ ဂုဏ်သတင်းနဲ့ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေမှာ ဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာဖြစ်တဲ့ People's Daily က ဇူလိုင်လ ၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။