မြန်မာအစိုးရအနေဖြင့် အချုပ်အခြာအာဏာပိုင်မှု၊နယ်မြေတည်တ့ံခိုင်မြဲမှုအပေါ် ထိပါးလာနိုင်သည့် လုပ်ရပ်မှန်သမျှ လက်မခံ ကြောင်း အမေရိကန်အောက်လွှတ်တော်အမတ်၏ ဘင်္ဂါလီအရေးပြောကြားမှုအပေါ် သမ္မတရုံးတု့ံပြန်
အမေရိကန်အောက်လွှတ်တော်အမတ် ဘရက်ရှာမန်ရဲ့ ဘင်္ဂါလီအရေးပြောကြားချက်မှာ အမေရိကန်အစိုးရရဲ့ သဘောထားမ ဟုတ်ကြောင်းနဲ့ အစိုးရအနေနဲ့ အချုပ်အခြာအာဏာပိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် ထိပါးလာနိုင်တဲ့ လုပ်ရပ်မှန်သမျှ လက် မခံဘူးလို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။