ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည့် Wisdom Hill ကျောင်းနှင့် ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည်ကို မသိကျိုးကျွံပြု သည့် တာဝန်ရှိသူများကို အရေးယူမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
နေပြည်တော်ရှိ Wisdom Hill ကျောင်းဟာ ခွင့်ပြုချက်မရဘဲ ဖွင့်ထားတဲ့အတွက် အရေးယူမှာဖြစ်ကြောင်းနဲ့ ခွင့် ပြုချက်မရဘဲ ဖွင့်ထားတာကို မသိကျိုးကျွံတဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။