ဗစ်တိုးရီးယားအမှု မှန်ပေါ်ပေါက်ရေး ရန်ကုန်မြို့ အင်းစိန် CID ရုံးရှေ့ တွင် လူအင်အားထောင်နှင့်ချီ ဆန္ဒထုတ်ဖော်
နေပြည်တော် Wisdon Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမေလ ၁၆ရက်နေ့က မဖွယ်မရာ ပြုလုပ်ခံရတာနဲ့ပတ်သတ်ပြီး CID မှ တာဝန်ယူစစ်ဆေးဆောင်ရွက်ရာမှာ တရားခံ အစစ်မှန်ကို ဖော်ထုတ်ပေးပြီး တရားမျှတမှု ရရှိစေဖို့ အင်းစိန် CID ရုံးရှေ့မှာ ဇူလိုင်လ ၆ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။