အချိန်အကြာကြီးလူကောင်းပကတိဘဝနဲ့နေခဲ့ပြီးပြီမို့ ပရိသတ်တွေစိတ်အေးပါတော့ ၊ ဇူလိုင်လကုန်မှာလည်း ရုပ်ရှင်ထပ်ရိုက်ဖို့ရှိပါတယ်လို့ဆိုတဲ့ ရဲတိုက်
သရုပ်ဆောင်ရဲတိုက်ကတော့ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ဇူလိုင်လကုန်မှာ ရုပ်ရှင်တစ်ကား ထပ်မံရိုက်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ ပရိသတ်အတွက်စဉ်းစားကာ ကောင်းမွန်သပ်ရပ်တဲ့ ဇာတ်လမ်းဇာတ်ညွှန်းတွေ ရွေးချယ်ရိုက်ကူးတယ်ဆိုတဲ့ရဲတိုက်ကတော့ မျိုးဆက်သစ်ဒါရိုက်တာတွေနဲ့လည်း လက်တွဲချင်တယ်လို့ခုလိုပြောပါတယ်။