Football Talkshow 

Football Talkshow 
Published 6 December 2018

မန်ချက်စတာယူနိုက်တက် နှင့် အာဆင်နယ် ( ၆-၁၂-၂၀၁၈၊ ကြာသပတေးနေ့ နံနက် မြန်မာစံတော်ချိန် ၂ း ၃၀ နာရီ )

■ လက်ရှိမန်ယူအသင်းမှာ အာဆင်နယ်ရဲ့ဟန်ပန်၊ တိုက်ပွဲဝင်စိတ်ဓာတ်မျိုး တစ်စက်မှရှိမနေဘူး။ ဒါပေမဲ့ ဒီပွဲရှုံးနိမ့်ရင် မော်ရင်ဟိုရဲ့ရာထူး အိုးစားကွဲဖို့ ပိုပြီး နီးစပ်သွားနိုင်တယ်။ မန်ယူက အာဆင်နယ်ထက် စိတ်ဓာတ်ပိုင်း၊ ခြေစွမ်းပိုင်းမှာ ပိုပြီး ညံ့ချင်ည့ံလိမ့်မယ်။ ဒါပေမဲ့ (၃) မှတ်ရရင် အောင်မြင်ပြီလို့ ယူဆတတ်တဲ့ မော်ရင်ဟိုကြောင့် မန်ယူ အည့ံနိုင်နိုင်သွားလိမ့်မယ် ။

■ မန်ယူနည်းပြမော်ရင်ဟိုဟာ ခံစစ်ကစားပုံကောင်းတဲ့ နည်းပြအဖြစ် ထင်ရှားတယ်။ ဒီရာသီမှာတော့ သူ့အသင်းက ပရိသတ်တွေဝေဖန်နေကြသလိုပဲ ဘတ်စ်ကားကွက်နဲ့ ကစားနေပါလျက် ပေးဂိုးတွေများနေတယ်။ ပွဲစဉ် (၁၄)ပွဲသာ ကစားထားရတဲ့အချိန်မှာ ပေးဂိုးက ပြီးခဲ့တဲ့တစ်ရာသီလုံးမှာပေးခဲ့ရတဲ့ ဂိုးနီးပါးရှှိနေပြီ ။ ဒါက ကျွန်တော်တို့သိခဲ့တဲ့ မော်ရင်ဟိုဆိုတာ ပျောက်ဆုံးသွားခဲ့သလိုပဲ။

မန်ယူတိုက်စစ်က လိုအပ်တဲ့သွင်းဂိုးမရသလို ခံစစ်မှာလည်း ဟာကွက်တွေများနေတယ်။ ဒါကြောင့် အကောင်းဆုံးပုံစံရနေတဲ့ အူဘာမီယန်း၊ လာကာဇတ်တို့ရဲ့တိုက်စစ်ကို မန်ယူခံစစ် ခက်ခက်ခဲခဲထိန်းချုပ်ရမယ်။ ■ အာဆင််နယ်က လက်ရှိမှာအကောင်းဆုံးပုံစံရနေတယ်ဆိုပေမယ့် မှတ်တမ်းတွေကိုပြန်ကြည့်ရင် မန်ယူကွင်းမှာ အစဉ်အလာဆိုးရွားတတ်တယ်။

ပြီးတော့ မန်ယူကလည်း အဆိုးဆုံးအခြေအနေနဲ့ ကြုံနေတဲ့အချိန်မျိုးမှာလည်း အာဆင်နယ်နဲ့ဆိုရင် ရေကုန်ရေခန်းကစားလေ့ရှိတယ်။ ဒီတော့ အာဆင်နယ် အမှတ်ရဖို့ မလွယ်ဘူး။ ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) အဖြစ် အိုးထရက်ဖို့ဒ်ကွင်းထဲမှာ အကြိတ်အနယ်ကစားကြမယ့် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်အပေါ် ပွဲကြိုသုံးသပ်ချက်တွေကို Eleven Sports ရဲ့ အကြီးတန်းအယ်ဒီတာကိုလင်းအာကာ၊ လက်ထောက်အယ်ဒီတာ ကိုနေလင်းထက်နဲ့ အစီအစဉ်တင်ဆက်သူ မမို့မို့သန့်တို့က သုံးသပ်ပေးထားပါတယ်။

Most Viewed

Most Recent