ရခိုင်ပြည်နယ်မြောက်ပိုင်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးသင့်ကြောင်း အမေရိကန် အောက် လွှတ်တော် အမတ်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အမေရိကန်သံရုံး ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လွှဲပြောင်းပေးသင့်တယ်လို့ အမေရိကန်အောက် လွှတ်တော်အမတ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး မကွေးကျောင်းဆရာတော်ဦးပါမောက္ခ က ဇူလိုင်၈ရက်နေ့မှာ အမေရိကန်သံရုံးရှေ့မှာတစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ပြီးအိတ်ဖွင့်ပေးစာတစ်စောင်ကိုပေးပို့ခဲ့တယ်လို့သိရပါတယ်။