ဗစ်တိုးရီးယားအမှုအတွက် ရေးသားမှုများနှင့်ပတ်သက်ပြီး သက္ကမိုးညိုအကောင့်ပိုင်ရှင်အား အီလက်ထရောနစ်ဥပဒေပုဒ်မ၃၄(ဃ)ဖြင့်ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး ကျပ် သိန်း ၁၀၀ အာမခံဖြင့်ပြန်လွှတ်ပေးခဲ့
ဗစ်တိုးရီးယားအမှုနဲ့ဆိုင်တဲ့ ရေးသားမှုများနဲ့ပတ်သက်ပြီး သက္ကမိုးညိုအကောင့်ပိုင်ရှင်၊ ကျန်းမာရေးနှင် ့အားကစား ဝန်ကြီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းကိုအမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်သုံးနှစ်အထိချမှတ်နိုင်တဲ့အီလက်ထရောနစ်ဥပဒေပုဒ်မ၃၄(ဃ)နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိမှာ ကျပ်သိန်း ၁၀၀ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။