ရွေးကောက်ပွဲယှဉ်ပြိုင်ချိန်နှင့်စည်းရုံးရေးတွင်အမှားအယွင်းများရှိလာနိုင်၍ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဥပဒေများကို ကြိုတင်လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တိုက်တွန်း
နိုင်ငံရေးပါတီများအနေနဲ့ ရွေးကောက်ပွဲဥပဒေများကိုကြိုတင်လေ့လာထားဖို့လိုအပ်ပြီးဥပဒေကိုမသိပါက ရွေးကောက်ပွဲယှဉ်ပြိုင်ချိန်နဲ့စည်းရုံးရေးလုပ်ဆောင်ရာမှာအမှားအယွင်းများရှိလာနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံဦးသန်းအောင်က ပြောပါတယ်။