သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများ လျော့နည်းလာစေရန် ရေရှည်စီမံချက်များ ချမှတ် လုပ်ဆောင်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းလာစေရန် ရေရှည်စီမံချက်များ ချမှတ် လုပ်ဆောင် သွားမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇူလိုင် ၁၀ ရက်က ဘီးလင်းမြို့ရှိ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ဘီးလင်းမြို့နယ် ကွပ်ကဲမှုရုံး၌ သတင်းမီဒီယာများအား ပြောကြားခဲ့ပါတယ်။