နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်များ၏ အင်အားကို ထိရောက်စွာ အသုံးချရန် ဒုသမ္မတ ဦးမြင့်ဆွေ ပြောကြား
လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ အသက်အပိုင်းခြား လူဦးရေ များပြားနေတဲ့အတွက် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်တွေရဲ့ အင်အားကို ထိရောက်စွာ အသုံးချရန် လိုအပ်တယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။