မန္တလေးတိုင်းဒေသကြီးတွင် မိုဘိုင်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းရောင်းချရာတွင် ကပ်နှိပ်ရမည့် အခွန်အမှတ်တံဆိပ်ကျပ်သိန်း(၇၀၀၀) ဖိုးခန့် တစ်လအတွင်းဖြန့်ဖြူးပေးခဲ့ဟုဆို
ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြီးခဲ့တဲ့ ဇွန်လဆန်းမှစတင်ကာ မိုဘိုင်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းများအပေါ် ကုန်သွယ်ခွန်အဖြစ် ပြေစာပေါ်မှာအခွန်အမှတ် တံဆိပ်ကပ်နှိပ်ရောင်း ချစေခြင်းနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်အများအပြားသိရှိရန် ရှင်းလင်းပွဲအား မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း အသင်းခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။