မြစ်ရေများ ထပ်မံမြင့်တက်လာနိုင်၍ မြစ်ကမ်းဘေးနေသူများ သတိထားနေထိုင်ကြရန် မိုး/ဇလညွှန်ချုပ် သတိပေး
မုတ်သုံအားကောင်းလာနေလို့ လာမယ့်ရက်တွေအတွင်း မြစ်ရေတွေ ထပ်မံမြင့်တက်လာနိုင်တဲ့အတွက် မြစ်ကမ်းဘေး နေသူတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်မှုတွေအတိုင်း သတိထားနေထိုင်သင့်တယ်လို့ မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးပြောကြားပါတယ်။