ချို့တဲ့ တဲ့ ကလေးတွေအတွက် အရုပ်လှူဒါန်းဖို့ အရုပ်အလှူခံခြင်းတွေလုပ်ဆောင်ခဲ့တဲ့ချစ်သူကို ကူညီလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့အကြောင်းပြောပြတဲ့ အဆိုတော်နေဝင်း
အဆိုတော်နေဝင်းရဲ့ချစ်သူ Travel blogger အိမ့်ချစ်ချောကတော့ ချို့တဲ့ တဲ့ ကလေးများအား အရုပ်များ သွားရောက်လှူဒါန်းဖို့အတွက် အရုပ်အလှူခံရာမှာနေဝင်းကလည်း ကူညီပေးခဲ့ပြီး အရုပ်ပေါင်း ၇၅ဝခန့် အလှူခံရရှိခဲ့တယ်လို့သိရပါတယ်။ ချောဆီကရရှိတဲ့အရုပ်များနဲ့ Yseali က လိုက်အလှူခံထားတဲ့ အရုပ်ပေါင်း ၇၀၀ ကျော်၊ စုစုပေါင်း အရုပ် ၁၅၀၀ နီးပါးကို Yseali Women ကနေ လှိုင်သာယာနှင့် ရွှေပြည်သာရှိ ချို့တဲ့သော ကလေးများအတွက် သွားရောက်လှူဒါန်းကြတာ ဖြစ်ပါတယ်။