မုန်းချောင်းရေ နည်းလွန်းမှုကြောင့် ကျောင်းတော်ရာဘုရားလာ ဘုရားငါးများအား မြစ်ဝသို့ သွားရောက်ကြိုဆိုမှု မပြုသော်လည်း ငါးစာကျွေးဆိပ်ကို အစဉ်အလာမပျက် ဖွင့်လှစ်
မုန်းချောင်းရေနည်းလွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းတော်ရာဘုရားသို့ လာရောက်လေ့ရှိခဲ့တဲ့ ဘုရားငါးများအား မြစ်ဝသို့သွားရောက်ကြိုဆိုမှုမပြုပေမယ့် ဇူလိုင် ၁၆ ရက်၊ ဝါဆိုလပြည့် မနက် ၈ နာရီက ငါးစာကျွေးဆိပ်ကို အစဉ်အလာမပျက် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။