လက်ရှိ ဘဏ္ဍာနှစ် ကိုးလကျော်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာနှစ်ဘီလျံခန့် လျော့ကျ
ပို့ကုန်တန်ဖိုး ဒေါ်လာတစ်ဘီလျံကျော် ပိုမိုတင်ပို့နိုင်ခဲ့တာကြောင့် လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်မှာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်သာရှိပြီး အရင်နှစ်ကာလတူထက် ဒေါ်လာနှစ်ဘီလျံခန့် လျော့ကျခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။