အောက်မြန်မာပြည်၏ အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်သော ခမဲပြင်ဘိုးဘိုးကြီးပွဲတော်သို့ လာရောက်ဆင်နွှဲသူ များပြား
ဇူလိုင် ၁၆ ရက်နေ့ ဝါဆိုလပြည့်နေ့မှာ အောက်မြန်မာပြည်ရဲ့ အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်အတွင်းက ခမဲပြင်ဘိုးဘိုးကြီးပွဲတော်ကို အရင်နှစ်တွေအတိုင်း လာရောက်ဆင်နွှဲသူ များပြားခဲ့တယ်လို့ သိရပါတယ်။