ပဲခူးရိုးမတောင်ပေါ်တွင်ရဲတပ်သားမှသေနတ်ဖြင့်ပစ်၍သားဖြစ်သူသေဆုံးခဲ့သည့်အပေါ်တွင်ဥပဒေနှင့်အညီအရေးယူပေးရန်ဆိုကာ သေဆုံးသူ၏ဖခင်ဖြစ်သူ တောင်းဆို
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ဖဒိုနယ်မြေရဲစခန်းအပိုင်ပဲခူးရိုးမတောင်ပေါ်တွင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ညပိုင်းကသစ်တောရဲတပ်ကြပ်တစ်ဦးကသေနတ်ဖြင့်ပစ်တာကြောင့် သားဖြစ်သူ ဝင်းဇင်ရ သေဆုံးမှု ဖြစ်ပွားခဲ့တယ်ဆိုပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်လို့ ဥပဒေအရ ထိထိရောက် ရောက်အရေးယူပေးရန်ဆိုကာ ဖခင်ဖြစ်သူဦးဝင်းထွန်းက ဒီဇင်ဘာ၅ရက်က မြို့ချောင်းကျေးရွာတွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။