အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ စင်ကာပူသံရုံးအပြင်ဘက်တွင် မြန်မာနိုင်ငံသားများဆန္ဒပြမှု ပြုလုပ်ခဲ့
အမေရိကန်ရောက် မြန်မာနိုင်ငံသားအချို့ဟာ ဇူလိုင်လ ၁၅ ရက်နေ့က ၀ါရှင်တန်မြို့ရှိ စင်ကာပူသံရုံးအပြင်ဘက်မှာ ဆန္ဒပြမှုတစ်ခု ပြုလုပ်ကာ မကြာသေးခင်က စင်ကာပူနိုင်ငံမှာ ဖမ်းဆီး ပြည်နှင်ဒဏ် ပေးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ထောက်ခံကြောင်း ပြသခဲ့တယ်လို့ သိရပါတယ်။