စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလတွင် NCA လက်မှတ်ရေးထိုးနိုင်ရေး အစိုးရဘက်မှ အဆိုပြုထားမှုကို အဖွဲ့အတွင်း သဘောထားယူသွားမည်ဟု KNPP ပြောရေးဆိုခွင့်ရှိသူ ပြော
လာမည့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလတွင် KNPP အဖွဲ့ NCA လက်မှတ်ရေးထိုးနိုင်ရန်အတွက် အစိုးရဘက်မှ Proposal (အဆိုပြုချက်)တစ်ခုပေးထားတာကို လက်ခံရရှိထားပြီး ခေါင်းဆောင်များ၊ ဗဟို ကော်မတီဝင်များနှင့် ပြန်လည်ဆွေးနွေးပြီး သဘောထားယူဖို့ရှိတယ်လို့ KNPP ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့နယ်ပလိုးက ပြောပါတယ်။