ဇူလိုင် ၁၃ ရက်ကနေ ၁၇ ရက်အထိ နောက်ဆုံးလေးရက်အတွင်း Seasonal Influenza A ( H1N1) ဖြစ်ပွား ကြောင်း အတည်ပြုနိုင်သူ ၅၃ ဦးတိုးလာပြီး သေဆုံးသူကတော့ ၁၆ ဦးရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။