တရုတ်နိုင်ငံရှိ ဓာတ်ငွေ့စက်ရုံတစ်ရုံတွင် အကြီးစား ပေါက်ကွဲမှုဖြစ်ပွား ၁၀ ဦး သေဆုံး ၅ဦး ပျောက်ဆုံး
တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်၊ ရီမာ မြို့ရှိ ဓာတ်ငွေ့စက်ရုံတစ်ရုံမှာ အကြီးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသူ ၁၀ ဦး ရှိလာခဲ့ပြီး ၅ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဇူလိုင်လ ၂၀ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။