အလုပ်ဌာနများတွင် အုပ်စုဖွဲ့အဂတိလိုက်စားခြင်းအဖြစ်သို့ ရောက်ရှိလာပြီး ဆရာမွေးတပည့်မွေးပုံစံဖြင့် အထက်အောက် မျှဝေခံစားမှုများရှိနေဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ပြောကြား

အလုပ်ဌာနများတွင် အုပ်စုဖွဲ့အဂတိလိုက်စားခြင်းအဖြစ်သို့ ရောက်ရှိလာပြီး ဆရာမွေးတပည့်မွေးပုံစံဖြင့် အထက်အောက် မျှဝေခံစားမှုများရှိနေဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ပြောကြား
Published 6 December 2018

တစ်နိုင်ငံလုံး ပျံ့နှံ့စွာဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုမှာ အင်စတီကျူးရှင်းတွေကို မကျန်းမမာ ဖြစ်စေတဲ့အပြင် အလုပ်ဌာနတွေမှာ အုပ်စုဖွဲ့အဂတိလိုက်စားခြင်းအဖြစ်သို့ ရောက်ရှိလာပြီး ဆရာမွေးတပည့်မွေး ပုံစံဖြင့် အထက်အောက် မျှဝေခံစားမှုများရှိနေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။