အနုပညာကြေးရရင် စားလည်းစား၊စုလည်းစု၊ အိမ်ကိုလည်းထောက်ပံ့ရပြီး အဖက်ဖက်ကတာဝန်တွေ ထမ်းထားရတာကြောင့် အခွေတစ်ခွေထွက်ဖို ့ဖြည်းဖြည်းချင်းကြိုးစားရတယ်ဆိုတဲ့ ပိုးမီ
တေးသံရှင် ပိုးမီကတော့ လတ်တလောမှာ သူမရဲ ့ ဒုတိယတစ်ကိုယ်တော် album ကို ပြင်ဆင်နေတယ်လို ့ ဆိုပါတယ်။ သူမဟာ ပွဲတွေမှာသီချင်းဆိုပြီး အနုပညာကြေးရလာရင် စားလည်းစား၊ စုလည်းစု၊ အိမ်ကိုလည်းထောက်ပံ့ရပြီး အဖက်ဖက်ကတာဝန်တွေ ထမ်းထားရတာကြောင့် အခွေတစ်ခွေထွက်ဖို ့ဖြည်းဖြည်းချင်းကြိုးစားရတယ်လို ့သိရပါတယ်။ ဒါ့ကြောင့်လည်း ရှေ ့ဆက်ပြီးတော့ ကိုယ့်ရင်ထဲကိုရော၊ ပရိသတ်ရင်ထဲကိုပါထိမယ့်သီချင်းတွေဆက်လက်ဖန်တီးသွားမယ်လို ့ဆိုပါတယ်။