``မနက်ဖြန် gymကစားမှာပဲ၊ ဒီနေ့ကတော့ အဝစားလိုက်မယ်၊ နောက်နေ့ကျတော့ မကစားဖြစ်ဘူး၊ ဒါပေမယ့်လည်းနောက်နေ့ကစားမှာပဲ ဒီနေ့အစားအသောက်ထပ်စားလိုက်ဦးမယ်´´ ဆိုပြီး အစားအသောက်မက်တဲ့အကြောင်းပြောလာတဲ့ ရတနာမိုင်
တေးသံရှင် ရတနာမိုင်ကတော့ ကိုယ်ခန္ဒာအလှအပလား၊ ကျန်းမာရေးလားဆိုရင် ကျန်းမာရေးအတွက်ပဲဂရုစိုက်တတ်တဲ့သူဖြစ်ပါတယ်။ သူမဟာ ခန္ဒာကိုယ်ထိန်းသိမ်းဖို့အတွက်လည်း gymဆော့ပေမယ့် အစားအသောက်ကို ပိုမက်တာကြောင့် ``မနက်ဖြန် gymကစားမှာပဲ၊ ဒီနေ့ကတော့ အဝစားလိုက်မယ်၊ နောက်နေ့ကျတော့ မကစားဖြစ်ဘူး၊ ဒါပေမယ့်လည်းနောက်နေ့ကစားမှာပဲ ဒီနေ့အစားအသောက်ထပ်စားလိုက်ဦးမယ်´´ဆိုပြီး သံသရာလည်နေတဲ့အကြောင်းကို အခုလိုပဲဆိုပါတယ်။