ရန်ကုန်မြစ်အတွင်း ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရန် လေ့လာဆန်းစစ်ချက် ဆောင်ရွက်နေဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြား
ရန်ကုန်ဆိပ်ကမ်းကို ပင်လယ်ဝအနီး ဆောင်ရွက်ပါက စရိတ်များနိုင်တာကြောင့် ရန်ကုန်မြစ်အတွင်းမှာပဲ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ လေ့လာဆန်းစစ်နေတယ်လို့ ဇူလိုင် ၂၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။