စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်းထောင်များတွင် ပညာသင်ကြားလိုသည့် အကျဉ်းသားများကို စာသင်ကျောင်းများရှိရာ မန္တလေးနှင့် အင်းစိန်အကျဉ်းထောင်များသို့ ရွှေ့ပြောင်းပေးကြောင်း စစ်ကိုင်းတိုင်း နယ်/လုံဝန်ကြီး ပြောကြား
စစ်ကိုင်းတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန၏ ကွက်ကဲမှုအောက်ရှိ (က) အဆင့် အကျဉ်းထောင်များနှင့် (ခ) အဆင့်အကျဉ်းထောင်များ အပါအဝင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းများလည်း ရှိတာကြောင့် တိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်များနှင့် အချုပ်ခန်းများမှာ အကျဉ်းကျသူများကို ပညာရေး သင်ကြားရေး အပါအဝင် စာအုပ်စာနယ်ဇင်း သတင်းစာများ စီစဉ်ဆောင်ရွက်ပေးရန်အတွက် တိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။