ကိုပါအမေရိကချန်ပီယံ ဘရာဇီးလ်အသင်း ကမ္ဘာ့အဆင့် ဒုတိယနေရာသို့ တက်လှမ်းခဲ့ပြီး မြန်မာအသင်း အဆင့်(၃)ဆင့် မြင့်တက်ခဲ့
ဇူလိုင်လအတွက် ဖီဖာရဲ့ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို မနေ့က ထုတ်ပြန်ခဲ့ရာ ကိုပါအမေရိကဖလား ချန်ပီယံ ဘရာဇီးလ်အသင်းက ဒုတိယနေရာကိုရောက်ရှိလာခဲ့ကာ မြန်မာအသင်းကလည်း အဆင့်(၃)ဆင့် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။