မြေနုကျွန်း ပဋိပက္ခအား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ထိရောက်စွာကိုင်တွယ်သွားမည်ဟု မကွေးတိုင်းအစိုးရအဖွဲ့ ပြောကြား
ရေနံချောင်းမြို့နယ်အတွင်းက ကျေးရွာ နှစ်ရွာမှာ မြေနုကျွန်းမြေ ပိုင်ဆိုင်မှုအငြင်းပွားပြီး ပဋိပက္ခဖြစ်ရာမှ လူ ၃၈ ဦး ပျောက်ဆုံးကာ အလောင်း ၂၄ လောင်းတွေ့ရှိတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ ထိရောက်စွာ ကိုင်တွယ်သွားမယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက ပြောပါတယ်။