ဟိုင်းကြီးကျွန်းနှင့်လိပ်ကျွန်းသောင်အနီး တိမ်းမှောက်ခဲ့သည့် ကုန်တင်သင်္ဘောမှ ပျောက်ဆုံးနေသည့် သင်္ဘော သားများအနက် သုံးဦး၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိ
ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်က ဟိုင်းကြီးကျွန်းနဲ့ လိပ်သောင်ကျွန်းအနီး ကပ္ပလီပင်လယ်ပြင်အတွင်း ရာသီ ဥတုဆိုးရွားမှုကြောင့် နစ်မြုပ်ခဲ့တဲ့ ကုန်တင်သဘောၤက ပျောက်ဆုံးနေဆဲဖြစ်တဲ့ သင်္ဘောသားငါးဦးအနက်သုံးဦးရဲ့ ရုပ် အလောင်းတွေကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက လပွတ္တာမြို့နယ်၊ ပြင်စလူမြို့အတွင်းကျေးရွာတွေအနီးမှာရှိတဲ့ ကမ်းစပ် တွေမှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။