ကမ်းရိုးတန်းတွင် မိုးများခြင်းနှင့် အထက်မှ ဆင်းလာသည့် ရေများပေါင်းစုံကာ မြန်မာပြည် အောက်ပိုင်းဒေသများတွင် သြဂုတ်လအတွင်း ရေကြီးရေလျှံမှု တစ်ကြိမ် ဖြစ်ပွားနိုင်ကြောင်း မိုး/ဇလ တာဝန်ရှိသူဆို
မုတ်သုံ အားကောင်းတာကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးများလာခြင်းနှင့် အထက်မှဆင်းလာတဲ့ ရေများပေါင်းစုံကာ မြန်မာပြည် အောက်ပိုင်းဒေသတွေမှာ သြဂုတ်လအတွင်း ရေကြီးရေလျှံမှု တစ်ကြိမ် ဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။