ကျောက်ထွက်ရှိမှု နည်းပါးသော လုပ်ကွက်များတွင် လက်လုပ်လက်စားများအတွက် ပြန်လည်ချထားပေးရန် လျာထားရေးဆွဲနေမှုနှင့် ပတ်သက်၍ လက်မခံနိုင်ကြောင်း မိုးကုတ်ဒေသခံများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
သက်တမ်းကုန်ဆုံးကာ ရပ်နားထားတဲ့ မိုးကုတ်မြို့ရှိ ကျောက်လုပ်ကွက်များအား အသေးစား၊ အလတ်စား၊ လက်လုပ်လက်စား လုပ်ကွက်များ ပြန်လည်ချထားပေးရန် မြေပုံရေးဆွဲ စိစစ်လျာထားရာမှာ ကျောက်ထွက်ရှိမှု နည်းပါးတဲ့ လုပ်ကွက်ဧက ရှစ်သောင်းကျော်အား လက်လုပ်လက်စား လုပ်ကွက်များအဖြစ် လျာထား ဆောင်ရွက်နေမှုအပေါ် လက်မခံနိုင်ကြောင်း ဒေသခံများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။