ကွတ်ခိုင်မြို့နယ်နေ ကလေးနှစ်ဦးမိခင် နေအိမ်၌ အသတ်ခံရမှုတွင် တရားခံ မမိသေးသည့်အပေါ် သတင်းစာရှင်းလင်း
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် ပိန်းပွန်အုပ်စုနမ့်ဆောင်ကျဲကျေးရွာမှာနေထိုင်တဲ့ အသက် ၅၁နှစ်ရှိ ဒေါ်နန်ထန်မှာ ဇူလိုင်လေးရက်က သူမနေထိုင်ရာ နေအိမ်မှာအသတ်ခံခဲ့ရပြီး လက်ရှိအထိ တရားခံမမိသေးတဲ့အပေါ် မိသားစုဝင်တွေက သတင်းစာရှင်းလင်းခဲ့ပါတယ်။