သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်း ပြိုကျပျက်စီးခဲ့သည့် အရှေ့ဘက်နန်းမြို့ရိုးအား ယူနက်စကို စံနှုန်းနှင့်အညီ ရှေးမူလက်ရာအတိုင်း ပြန်လည်ပြင်ဆင်မည်
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့နယ်၊ သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်း ပြိုကျပျက်စီးခဲ့တဲ့ အရှေ့ဘက် နန်းမြို့ရိုးအား ယူနက်စကို စံနှုန်းနှင့်အညီ ရှေးမူလက်ရာအတိုင်း ပြန်လည် ပြင်ဆင်သွားမယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုက သိရပါတယ်။