တောင်ကြီးမြို့၊ ၀ါးပြားလမ်းဆုံ မီးပွိုင့်နေရာတွင် အဝိုင်းပတ်တည်ဆောက်ရန်လျာထားပြီး၊ နေရာမလွတ်သည့် ဆိုင်ခန်းများ ဖျက်ပေးရမည်ဖြစ်သောကြောင့် ပြန်လည်စဉ်းစားပေးရန် အိမ်ရှင်များမှ တိုင်ကြားစာ ပေးပို့သွားမည်
တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ ၀ါးပြားလမ်းဆုံ မီးပွိုင့်နေရာမှာ မြို့ပြစီမံကိန်းအဖြစ် အဝိုင်းပတ်တည်ဆောက်ရန်လျာထားပြီး၊ နေအိမ်(၆)အိမ် ရှေ့ရှိ ဆိုင်ခန်းများ ဖျက်ပြီး ဖယ်ပေးရမည်ဖြစ်တာကြောင့် ပြန်လည်စဉ်းစားပေးရန် လွှတ်တော်နှင့်အစိုးရထံသို့ တိုင်ကြားစာ ပေးပို့သွားမယ်လို့ အိမ်ရှင်များက ပြောပါတယ် ။