နေခြည်ဦးနဲ့အတည်အတံ့တွေသရုပ်ဆောင်ရရင် ရယ်နေလို့ ရိုက်ကူးမှုရပ်လိုက်ရတာတွေနဲ့ သီချင်းတစ်ပုဒ် လုံးဖွင့်ပြီး ကခိုင်းလို့ ရှက်ပြီးသရုပ်ဆောင် ခဲ့တာတွေက ပုရိသရုပ်ရှင်ရဲ့ အမှတ်တရတွေပါဆိုတဲ့ တိုင်ရွန်
သရုပ်ဆောင်တိုင်ရွန်ကတော့ မကြာမီရုံတင်တော့မယ့် ပုရိသရုပ်ရှင် ရိုက်ကူးစဉ်မှာ သူငယ်ချင်းဖြစ်သူနေခြည်ဦး နဲ့ အတည်အတံ့တွေသရုပ်ဆောင်ရရင် ရယ်နေလို့ ရိုက်ကူးမှုရပ်လိုက်ရတာတွေနဲ့ သီချင်းတစ်ပုဒ် လုံးဖွင့်ပြီး ကခိုင်းလို့ရှက်ပြီးသရုပ်ဆောင်ခဲ့ရတာတွေက သူ့အတွက် အမှတ်တရဖြစ်ခဲ့ ပြီးသူငယ်ချင်းနှစ်ယောက် အမှတ်တရဖြစ်အောင်ရိုက်ဖို့လက်ခံခဲ့တဲ့ ပထမဆုံးဟာသကားဖြစ်တယ်လို့ဆိုပါတယ်။