ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာရှိ တောင်သူ ၁၅ ဦးအား တပ်ပိုင်မြေ ပိုင်နက်ကျူးလွန်သည်ဟု ဆိုကာ တရားစွဲဆိုမှု လေးကြိမ်မြောက် ရုံးထုတ်ခဲ့
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာရှိ တောင်သူ ၁၅ ဦးအား ၃၆၀ အမြောက်တပ်မှ အရာရှိတစ်ဦးမှ ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲရာ သြဂုတ် ၅ ရက်မှာ လေးကြိမ်မြောက်ရုံးချိန်းအဖြစ် ဆက်လက်ရုံးထုတ်ခဲ့ပြီး တရားလို ဗိုလ်ကြီး ဌေးမြင့်ကျော်ကို ဆက်လက် စစ်ဆေးခဲ့ပါတယ်။