အမေရိကန် တက္ကဆက်ပြည်နယ် Walmartစတိုးဆိုင်အတွင်းပစ်ခတ်ခံရမှု၌ မက္ကဆီကို နိုင်ငံသား ၇ ဦးသေဆုံးခဲ့သဖြင့် သေနတ်သမားကိုလွှဲပြောင်းပေးရေးမက္ကဆီကိုအစိုးရစဉ်းစားနေ
အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်မှာဖြစ်ခဲ့တဲ့ပစ်ခတ်မှုမှာမက္ကဆီကိုနိုင်ငံသား ၇ ဦးသေဆုံးခဲ့ပြီးဒီဖြစ်ရပ်ကိုအကြမ်းဖက်လုပ်ရပ်အဖြစ်မက္ကဆီကိုနိုင်ငံကယူဆနေပြီးသေနတ်သမားကိုလွှဲပြောင်းပေးလာအောင်ဥပဒေကြောင်းအရဆောင်ရွက်သွားဖို့ချင့်ချိန်နေတယ်လို့မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးမာဆယ်လိုအက်ဘရတ် ကပြောပါတယ်။