မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်ခြင်းများ ရှိနေမည်

မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်ခြင်းများ ရှိနေမည်
Published 8 August 2019

မုန်တိုင်းငယ်နှင့် မုတ်သုံလေအားကောင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နောက် သုံးရက်ခန့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်ခြင်းများ ရှိနေမည်ဖြစ်ကြောင်း မိုး /ဇလ တာဝန်ရှိသူဆို

 

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် အားကောင်းခြင်းနဲ့ ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ နောက် သုံးရက်ခန့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေ မြင့်တက်ခြင်းတို့ ကြုံတွေ့ရမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားလိုက်ပါတယ်။