နိုင်ငံတစ်ဝန်းလုံးတွင် လုပ်ပိုင်ခွင့်ပြုခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာ ဧကပေါင်း နှစ်သန်းသုံးသိန်း ကျော်ရှိပြီး ဧက ၁ ဒသမ ၃၇ သန်းအား ပြန်လည်သိမ်းယူပြီးဖြစ်ဟု ဒုဝန်ကြီးပြောကြား
နိုင်ငံတစ်ဝန်းလုံးမှာ လုပ်ပိုင်ခွင့်ပြုခဲ့တဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာဧကပေါင်း နှစ်သန်းသုံးသိန်းကျော် ရှိပြီး ဧက ၁ ဒသမ ၃၇ သန်းအား ပြန်လည်သိမ်းယူပြီးဖြစ်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့ပါတယ်။