အငြင်းပွားဖွယ် ယာဆူကူနီ ဗိမာန်သို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ပူဇော်ပစ္စည်းများ ပေးပို့ခဲ့
ဒုတိယကမ္ဘာစစ်မှာ ဂျပန်နိုင်ငံက လက်နက်ချကြောင်း ကြေညာခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စစ်အတွင်း ကျဆုံးခဲ့သူတွေကို ဂုဏ်ပြုထားရှိတဲ့ အငြင်းပွားဖွယ် ယာဆူကူနီ ဗိမာန်ကို ရိုးရာအစဉ်လာအတိုင်း ပူဇော်ပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။