အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် သေနတ်သမားနှင့် ရဲတပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း ဒဏ်ရာရရှိ
သြဂုတ်လ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားမြို့မှာ ရဲတပ်ဖွဲ့က နေအိမ်တစ်လုံးကို ဝင်ရောက် စီးနင်းမှုအတွင်း သေနတ်သမားတစ်ဦးနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။