အီတလီနိုင်ငံရှိ နိုက်ကလပ်တစ်ခုအတွင်း လူစုပြုံတိုးဝှေ့မှု ဖြစ်ပွားခဲ့၍ ၆ ဦးသေဆုံးကာအများအပြားဒဏ်ရာရရှိ
ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကအီတလီနိုင်ငံရှိ နိုက်ကလပ်တစ်ခုမှာ ပြုလုပ်ခဲ့တဲ့ ရက်(ပ်) တေးဂီတ ဖျော်ဖြေပွဲ တစ်ခုအတွင်းကြောက်လန့်တကြားနဲ့ စုပြုံတိုးဝှေ့မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦးသေဆုံးပြီး၁၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။