ပစ်ခတ်မှုဖြစ်စဉ်များကြောင့် လားရှိုးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်သူ (၇၉၁) ဦးရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ပြီး ပြန်မရသေးသူ ၁၀၀ ကျော်ရှိနေ
လားရှိုးမြို့အနီး ပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် သြဂုတ် ၁၈ ရက်အထိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ စစ်ဘေး တိမ်းရှောင်လာသူ (၇၉၁) ဦးရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကာ လမ်းခရီး အခြေအနေအရ မပြန်ရသေးသူ (၁၀၀) ကျော်ရှိနေတယ်လို့ သိရပါတယ်။