ထားဝယ်မြို့ဝန်းကျင်တွင် ပေါက်ကွဲသံများ ၇ ရက်ဆက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၁၇ ရက် ညပိုင်း ပေါက်ကွဲသံ ထွက် ပေါ်သည်ဟုယူဆရသည့်နေရာတွင် ယမ်းမှုန့်များကျန်ရှိနေ
တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့နဲ့ မြို့ဝန်းကျင်မှာ သြဂုတ် ၁၁ ရက်မှစကာ ညစဉ်ညတိုင်း ကျယ်လောင် တဲ့ပေါက်ကွဲသံများ ဖြစ်ပေါ်နေတာ ၇ ရက်ဆက်ရှိလာပြီဖြစ်ပြီး သြဂုတ် ၁၇ ရက် ညပိုင်း ပေါက်ကွဲသံ ထွက်ပေါ် တယ်လို့ ယူဆရတဲ့ နေရာမှာ ယမ်းမှုန့်များ ကျန်ရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။