ချောင်းသာကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်သွားမည်
ချောင်းသာကမ်းခြေ သာယာလှပရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအတွက် ဒေသရှိ လုပ်ငန်းရှင်တွေရဲ့ စုပေါင်း ထည့်ဝင်သည့်ရန်ပုံငွေတွေနဲ့ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်း ၃ဝဦးကို ခန့်ထားကာ ကမ်းခြေဆင်းလမ်းတွေနဲ့ ကမ်းခြေတစ်လျှောက်မှာ အမှိုက်ကောက်ခြင်း၊ ဒေသန္တရအမိန့်တွေကို ဖောက်ဖျက်လုပ်ဆောင်တာတွေကို တွေ့ရှိပါက ပညာပေးဟောပြောခြင်းတွေကို ဆောင်ရွက်သွား မယ်လို့ သိရပါ တယ်။