ပန်းတောင်းမြို့နယ် ကံမကားလမ်းဘေးတွင် အမျိုးသမီးနှစ်ဦးအား တူးမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ပစ္စည်း လုယက်လိုသဖြင့် ပစ်ခတ်ခဲ့ဟု ထွက်ဆို
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကံမကားလမ်းဘေးမှာ အမျိုးသမီးနှစ်ဦးအား တူးမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ပစ္စည်းလုယက်လိုတာကြောင့် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပန်းတောင်း မြို့မရဲစခန်းမှ သိရပါတယ်။