အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန် NCA လက်မှတ်ထိုး (၁၀) ဖွဲ့က အလုပ်အဖွဲ့ နှစ်ဖွဲ့ အသစ်ဖွဲ့စည်း
အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားဖို့ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မှာ သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ ပြုလုပ်ခဲ့တဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ဖွဲ့စည်းထားတဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကနေ အလုပ်အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း PPST က ထုတ်ပြန်ပါတယ်။