ဂျပန်နိုင်ငံ Kyushu ကျွန်းတွင်ရေကြီးမှုကြောင့် နှစ်ဦးသေဆုံးပြီး လူရှစ်သိန်းကျော်ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားရ
ဂျပန်နိုင်ငံ Kyushu ကျွန်းမှာ သြဂုတ်လ ၂၈ ရက်နေ့က ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့တာကြောင့် နှစ်ဦးသေဆုံးကာ အရေးပေါ်သတိပေးချက်ထုတ်ပြန််ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူ ၈၅၀,၀၀၀ နီးပါး ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။