ဂါဇာဒေသတွင် ရဲတပ်ဖွဲ့ဝင် ၃ဦး သေဆုံးခဲ့သည့် ပေါက်ကွဲမှုများကို အသေခံဖောက်ခွဲရေးသမား နှစ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့ ဆို
သြဂုတ်လ ၂၇ ရက်နေ့က ဂါဇာဒေသမှာ ရဲတပ်ဖွဲ့ဝင် ၃ဦး သေဆုံးခဲ့တဲ့ ပေါက်ကွဲမှုတွေကို အသေခံ ဖောက်ခွဲရေးသမား နှစ်ဦးက လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ သူတို့နှစ်ဦးကို ဘယ်သူက စေလွှတ်ခဲ့သလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။